BLOCK -1 : CREATING AND INSERTING BLOCK
Autocad Version မြင့်လာတာနဲ့အမျှ စွမ်းဆောင်ရည် မြင့်တက်လာတဲ့ Command တစ်ခုကတော့ BLOCK ဆိုတဲ့ Command ပါပဲ။ BLOCKဆိုတာဟာ တစ်ကယ်တမ်းတော့ အရာဝထ္တုတစ်ခုခြင်းဆီကို အစုအဖွဲ့ အသင်းတစ်ခုအသွင် ပြောင်းလဲ ဖွဲ့စည်းပေးလိုက်တဲ့ အရာတစ်ခုပါပဲ။ တစ်ခါတစ်ရံ Drawing တစ်ခု ဆွဲသားတဲ့နေရာမှာ Line တွေ Circleတွေ Hatch အစရှိတာတွေနဲ့ ဖွဲ့စည်းထားတဲ့ အရာတွေကိုတစ်နေရာမှ တစ်နေရာ တစ်စုတစ်စည်းတည်း သယ်ဆောင်သွားလိုတဲ့ အခါမှာ BLOCK လုပ်ပီး သယ်ဆောင်သွားတာ အကောင်းဆုံးပါပဲ။
ရှိနေပီးသား BLOCKတွေကို Update လုပ်လိုက်လျှင်လည်း Drawing ထဲမှာ ရှိနေတဲ့ Same Block တွေ အားလုံးဟာ Automatic ပြောင်းလဲသွားမှာပါ။ ဒါ့ကြောင့် Symbols တွေ Typical Design တွေကို အသုံးပြုလိုတဲ့အခါ BLOCKသာလျှင် အကောင်းဆုံး Command တစ်ခုပါပဲ။
ဒါ့အပြင် မိမိကိုယ်ပိုင် ဖန်တီးထားတဲ့ အရာဝထ္တုတစ်ခုကို BLOCKတစ်ခုအဖြစ် ဖန်တီးပီးတဲ့အခါ သီးခြားဖိုင်တစ်ခုအနေနဲ့ Library ထဲမှာ သိမ်းဆည်းထားပီး လိုအပ်တဲ့ Drawing တိုင်းမှာ ခေါ်ယူအသုံးပြုနိုင်ပါတယ်။
BLOCKတွေကို Information ပေးနိုင်တဲ့ Data အဖြစ်လည်း ခေါ်ယူ အသုံးပြုနိုင်ပါတယ်။ ဥပမာ Schedule Table, Point Coordinate, etc..... ဒါကြောင့် BLOCK Command ဟာ Auto cad Version မြင့်လာတာနှင့်အမျှ USER တွေကို productivity မြင့်တက်အောင် စွမ်းဆောင်ပေးနေတဲ့ Command တစ်ခုဖြစ်တစ်ကြောင့် မသိမဖြစ် သိနေရမယ့် Command တစ်ခု ဖြစ်လာပါတယ်။
CREATING BLOCKBLOCK ဖန်တီးမှုကို လေ့လာနိုင်ဖို့ Valve.Dwg ကိုဖွင့်လိုက်ပါ။
Command Line ကိုအသုံးပြုလိုသူများအတွက် BLOCK ( သို့မဟုတ် ) B ကို အသုံးပြုနိုင်ပါတယ်။
RIBBON TOOLBAR ကိုအသုံးပြုလိုသူတွေအတွက်ကတော့ INSERT TAB အောက်ကနေ BLOCK PANEL မှတစ်ဆင့် CREATE ကိုရွေးချယ်ခြင်းဖြင့် BLOCKဖန်တီးခြင်းကို စတင်နိုင်ပါတယ်။

BLOCK Definition Dialogue Box ပေါ်လာပါလိမ့်မယ်။ ဒီထဲမှာ BLOCK တစ်ခုဖန်တီးဖို့ Options ပေါင်းများစွာ ရှိနေတာကို တွေ့မှာပါ။ ဒါပေမယ့် အခြေခံက စတင်လေ့လာလိုသူတွေအနေနဲ့ Basic Options တွေကို အသုံးပြုကြည့်ရအောင်။ BLOCK တစ်ခုဖြစ်လာဖို့ အနည်းဆုံး 3 Step ကို မဖြစ်မနေ လုပ်ဆောင်ရပါမယ်။ ဒီ ၃ ဆင့်ကို လုပ်ဆောင်တဲ့ နေရာမှာ အစဉ်လိုက် မလုပ်ဘူး ဆိုရင်တောင်မှာ OK ကိုမနှိပ်ခင်မှာတော့ ဒီ၃ ဆင့်လုံးကို မဖြစ်မနေ လုပ်ဆောင်မှသာလျှင် BLOCK တစ်ခု ဖြစ်လာမှာပါ။

ပထမဦးစွာ မိမိ သိမ်းဆည်းလိုသော BLOCK လေးကို ကိုယ်ပိုင်နာမည်လေးတစ်ခု ပေးရပါမယ်။ ခုပြုလုပ်မယ့် လေ့ကျင့်ခန်းမှာတော့ BLOCK အဖြစ် သိမ်းဆည်းမယ့် အရာလေးဟာ Valve လေးတစ်ခု ဖြစ်နေတာကြောင့် Valve လို့ နာမည် ပေးလိုက်ပါမယ်။
နောက်တစ်ခါ Pick Up point ဆိုတာကို ရွေးချယ်ရပါမယ်။ Pick Up point ဆိုတာဟာ မိမိBLOCK လုပ်ပီး သိမ်းဆည်းလိုက်မယ့် အရာကိုဘယ်နေရာကနေ ဘယ်လို ခေါ်ယူမယ်ဆိုတဲ့ Base point ကို ဆိုလိုတာပါပဲ။ ယခု ကျမတို့ပြုလုပ်မယ့် လေ့ကျင့်ခန်းမှာ BLOCK အဖြစ်သိမ်းဆည့်မယ့် အရာလေးဟာ Valve ဖြစ်နေတာကြောင့် လွယ်ကူအောင် အလယ်ကိုသာ ရွေးချယ်လိုက်ပါ။

တတိယအဆင့်အနေနဲ့ Select Object ကိုနှိပ်ပီး BLOCK အဖြစ် ဖန်တီးလိုသော အရာဝထ္တုတစ်ခုလုံးကို ရွေးချယ်လိုက်ပါ။ အဲနောက် Enter ကိုခေါက်ပီး OK နှိပ်လိုက်ပီဆိုတာနဲ့ Valve ဆိုတာအရာလေးဟာ BLOCKလေးတစ်ခု အဖြစ် သိမ်းဆည်းပီးသား ဖြစ်သွားပါပီ။
INSERTING BLOCKBLOCK လေးတွေကို ဖန်တီးပီးတဲ့အခါ ပြန်လည်အသုံးပြုမှာ မလွဲမသွေပါ။ ထိုသို့ အသုံးပြုလိုတဲ့အခါ ပြန်လည်ခေါ်ယူတဲ့ Command ကတော့ INSERT Command ပဲဖြစ်ပါတယ်။
Command Line ကနေဆိုရင် INSERT (သို့မဟုတ်) I Command ကိုအသုံးပြုနိုင်ပီး Ribbon ကနေ ဆိုရင်တော့ BLOCK PANEL မှတစ်ဆင့် INSERT ကိုအသုံးပြုနိုင်ပါတယ်။

ဒါဆိုရင် Insert Dialogue Box ပေါ်လာပါလိမ့်မယ်။

Name ဆိုတဲ့နေရာမှာ မိမိ ခေါ်ယူအသုံးပြုလိုတဲ့ Block ရဲ့နာမည်ကို ရှာဖွေနိုင်ပါတယ်။ ကိုယ်ခေါ်ယူလိုက်တဲ့ Blockလေးဟာ မူရင်း setting အရဆိုရင်တော့ Scale Option 1 နဲ့ Rotation Angle 0 မှာရှိနေပါတယ်။ ကိုယ်သုံးမဲ့ဘလော့ကို မူရင်းsize အတိုင်း မသုံးလိုတော့ပဲ sizeသေးချင် ကြီးချင်လို့ပဲဖြစ်စေ Angle လည်ချင်လို့ပဲဖြစ်စေ ကြိုက်သလို ပြောင်းလဲနိုင်ပါတယ်။ Setting များကို အလိုရှိသလို ပြင်ဆင်ပီး OK နှိပ်လိုက်တာနဲ့ တစ်ပြိုင်နက် Insert Dialogue Box ပျောက်သွားပီး မိမိရဲ့ Drawing Area ပေါ်မှာ mouse pointer လေးကို မိမိ အသုံးပြုလိုတဲ့ နေရာမှာ Click လုပ်လိုက်တာနဲ့ လိုအပ်တဲ့ BLOCK လေးကို ခေါ်ယူ အသုံးပြုနိုင်ပါပီ။
Last Updated (Tuesday, 10 August 2010 05:55)
- ► 2010 (59)
- ► August (1)
- ► June (2)
- ► May (4)
- ► April (52)
- • Match Properties Setting
- • အော်တိုကဒ် ၂၀၁၁ လျှို့ဝှက်သော့
- • AutoCAD 2011 Preview
- • A Simple Guide: 12 steps to Mastering AutoCAD
- • အခြေခံ ၃ဒီ ( အပိုင်း ၂ )
- • Textures For 3D Rendering
- • Basic AutoCAD 3D
- • Preparing for AutoCAD 3D
- • Quick Tools By Robert Tin Aye
- • Sketch Up to 3D Max
- • အော်တိုက်ကဒ် ဖျက်ပိုး
- • Different Between 3D Max & AutoCad
- • AutoCAD 2010 Download Link
- • AutoCAD 2010 Preview Guide
- • User Coordinate System
- • Paper Size
- • Google Sketch Up
- • ဒီနေ့ စင်္ကာပူ
- • Draftman တစ်ယောက်ရဲ့တာဝန်
- • Block & Insert
- • Password- Protecting a Drawing File
- • Save as AutoCAD2000
- • Excel Table to AutoCAD
- • Table
- • List
- • Rotate
- • Dimension
- • Ellipse
- • ARC
- • Array
- • No Need Command to copy & move
- • Mirror
- • Undo And Redo
- • Poly Line
- • Copy & Offset
- • Trim
- • Extend
- • Fillet And Chamfer
- • Rectangle
- • Multi Line
- • Object Snap Modes
- • Circle
- • မျဉ်းကြောင်းများကို လေ့ကျင့်ခြင်း
- • Units & Limits
- • Line & Co-ordinate System
- • Selecting Objects in the Drawing
- • UCS
- • Cursor & Colour
- • စေလိုရာစေနည်း
- • AutoCAD 2010 Working Environment
- • About Me
- • မိတ်ဆက်ခြင်း
Latest Member : KPZ
Members Online : 0
Today : 0 Registers
This Week : 0 Registers
This Month : 0 Registers



